Saturday, December 28, 2013

ကျွန်တော်ပြောချင်သော ကျွန်တော့် အကြောင်း

ဆိုကရေးတီး သောက်ခဲ့သော အဆိပ်ခွက်အမည်မှာ အမှန်တရားဖြစ်သည်။ ဘီးတတ်ကုလားထိုင်ပေါ်ထိုင်၍ စကြာဝဠာကို အမဲလိုက်ခဲ့သူ၏ အမည်မှာ စတီပင်ဟော့ကင်း ဖြစ်ပါသည်။ မြေချစ်သူ၏ လျှာပေါ်တွင် တည်ဆောက်ခဲ့သော စက်ရုံ၏အမည်မှာ ဝိုင်ဖြစ်သည်။ ကျေးပိုင်ကျွန်ပိုင်ခေတ်က ကျောက်ဖြစ်သွားသော ချွေးစက်များ၏ အမည်မှာ ပိရမစ်ဖြစ်ပါသည်။ ကမ္ဘာကြီးက လက်ခံထားသော ပရောမီးသီးယပ်စ်၏ ခိုးရာပါပစ္စည်းအမည်မှာ မီးဖြစ်သည်။ ၁၉၈၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လူပြည်သို့ ရောက်လာသူမှာ  မောင်ဝင်းသူဖြစ်သည်။
 နောက်ဆုံးစာကြောင်းမှလွဲ၍ ကျန်စာကြောင်းများသည် ဆရာသစ္စာနီ ၏ ဝတ္တု တစ်ပုဒ်မှ စာသားများဖြစ်သည်။
ဒေါက်တာသန်းထွန်းပြောတဲ့ ကိန္နရာ ရင်အုံသားနဲ့ ဇမ္ဗုသပြေသီး ဟင်ချိုကို သောက်ကြည့်ချင်သည်။ ဆရာဦးအောင်သင်း ပြောသလို ဦးဏှောက် ကတောင်းကြိုက်ချင်သည်။ သို့သော်မီးပြတ်သွားတိုင်း ပုဆိုးကတောင်းကြိုက်နေရသည်။ ဘုရင်နောက် ဖောင်ဖျက်တာကို သဘောကျသည်။ မူဆိုလီနီ၏ ငါရှေ့ကတက်ရင် ငါ့နောက်ကလိုက်ကြ။ ငါနောက်ပြန်ဆုတ်ရင် ငါ့ကိုသတ်ကြ။ ငါသေရင် ငါ့အတွက် လက်စားချေကြ။ ဆိုတဲ့ အမိန့်ကို သဘောကြသည်။

No comments:

Post a Comment