Friday, August 29, 2014

ကမ္ဘာ့ပညာရေးမှာ ထိပ်ဆုံးက ရပ်တည်နေသည့် တောင်ကိုရီးယားနိုင်ငံ

ပီယာဆင်စာအုပ် ထုတ်ဝေရေး ကုမ္ပဏီက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ
  • 1. South Korea
  • 2. Japan
  • 3. Singapore
  • 4. Hong Kong
  • 5. Finland
  • 6. UK
  • 7. Canada
  • 8. Netherlands
  • 9. Ireland
  • 10. Poland
  • 11. Denmark
  • 12. Germany
  • 13. Russia
  • 14. United States
  • 15. Australia
  • 16. New Zealand
  • 17. Israel
  • 18. Belgium
  • 19. Czech Republic
  • 20. Switzerland
ပညာရေးအဆင့် ရပ်တည်မှုဇယား

အာရှနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ စင်္ကာပူ၊ ဟောင်ကောင်တို့ဟာလည်း တောင်ကိုရီးယား နိုင်ငံနည်းတူ စီးပွားရေးအခြေအနေ မြင့်တက် နေတာကြောင့် ကမ္ဘာ့ပညာရေး အဆင့်အတန်း ရပ်တည်မှုမှာ ရှေ့ဆုံးကရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံရော

ဂီတမူပိုင်ခွင့်နှင့် အခက်ကြုံနေရတဲ့ MRTV4

ပရိသတ်များထံသို့ အသိပေး တောင်းပန်ခြင်း

ဂီတမူပိုင်ခွင့်နှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်နေကြသည့် အချိန်ကာလအတွင်း "သီချင်းကောင်းကောင်း သီချင်းတောင်း" အစီအစဉ်အား ခေတ္တခဏရပ်နားခွင့်ပြုပါရန်
ပရိသတ်များကို အထူးအနူးအညွတ် တောင်းပန်အပ်ပါသည်။ပြန်လည် ထုတ်လွှင့်မည့်နေ့ရက်များကို "သီချင်းကောင်းကောင်း သီချင်းတောင်း" ပရိတ်သတ်များအား ပြန်လည်အသိပေးမည် ဖြစ်ပါသည်။

တစ်တန်လျှင် ကန်ဒေါ်လာတစ်ထောင်ခန့် ဈေးရသော ဂျပန်စပါးမျိုးစမ်းသပ်စိုက်ပျိုး

မစ်ဝကျွန်းပေါ်ဒေသတွင်   စမ်းသပ်စိုက်ပျိုးသောရလဒ်များထက်  ပိုမိုကောင်းမွန်စေရန် ဂျပန်စပါးမျိုးလေးမျိုးကို  မှော်ဘီ၊
ပြည်၊  နေပြည်တော်နှင့် ဟဲဟိုးဒေသများတွင်  စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ယခုနှစ်မိုးရာသီတွင် ထပ်မံစမ်းသပ်
စိုက်ပျိုးထားကြောင်းမြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း(မက်ပ်ကို)မှ အထွေထွေမန်နေဂျာ ဦးရဲမင်းစိုး
က မြန်မာတောင်သူကြီးများဂျာနယ်ကို ဇူလိုင်လ ၂၉ ရက်က ပြောသည်။
မျိုးရင်းဆန်များကိုသာ စားသုံးလေ့ ရှိသည့် ဂျပန်နိုင်ငံသို့ ပြန်လည်တင်သွင်း သွားနိုင်ရန်အတွက် မြန်မာပြည်တွင် စမ်းသပ်စိုက်ပျိုး
နေခြင်းဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုအပိုင်းကို မက်ပ်ကိုမှ တာဝန်ယူကာ ဂျပန်နိုင်ငံသို့ တင်သွင်းရောင်းချမည့်အပိုင်းကို မစ်ဆူအီမှ တာဝန်ယူလုပ်ကိုင်သွားမည် ဟု သိရသည်။
တစ်ဧကလျှင် တင်း ၉၀ ခန့်ထွက်ရှိနိုင်သော သက်တမ်းရက် ၉၀ မှ ၁၂၀ရက်အတွင်းသာရှိပြီး မြန်မာနိုင်ငံမှ အများဆုံး တင်ပို့ရောင်း
ချနေသည့် ဆန်ကြမ်းအုပ်စုများထက် ဈေးကွက်ပိုမိုခိုင်မာမှုရှိကာ တစ် တန်လျှင် ကန်ဒေါ်လာတစ်ထောင် ၀န်းကျင်ခန့် ဈေးရလေ့ရှိ
ကြောင်း သိရသည်။
ဂျပန်ဆန်များနှင့်ပတ်သက်၍ ဦးရဲမင်းစိုးက “နိုင်ငံခြား အဖွဲ့အစည်းတွေက ကမ်းလှမ်းထားတာရှိပါတယ်။ ပြည်တွင်းမှာ စမ်းသပ်နေ
ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်။ လုပ်လည်းလုပ်ချင်တယ်။ ကမ္ဘာမှာ Long -grain ကသာ ဈေးပြုတ်တာ။ ဒါပေမယ့်
ဂျက်ပိုနီကာ ဆန်ဈေးက ဘယ်တော့မှဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး။
ပုံမှန် Demand ရှိနေတယ်။ အလားအလာကောင်းပါတယ်”ဟု ဇူလိုင်လ ၂၉ ရက်က ပြောသည်။ဂျပန်စပါးမျိုးများဖြစ်သည့် Sasnishi
ki, Hino Hikari, Hitome Bore, Manamu sumeျကာန တို့ကို ၂၀၁၃ နွေရာသီမှ စတင်ကာနေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနတွင်
စတင်စမ်းသပ်စိုက်ပျိုးခဲ့ပြီး  ကဉ္ဇနကျွန်းသာဆန်စပါးအထူးပြုကုမ္ပဏီမှ ဓနုဖြူမြို့နယ်တွင်လည်း ဆက်လက်စမ်းသပ်စိုက်ပျိုးခဲ့သည်။
၎င်းဂျပန်ဆန်စပါးမျိုးများကို နှစ်နိုင်ငံ အစိုးရအဆင့် မျိုးဖလှယ်သည့် အစီအစဉ်ဖြင့် စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ပြီး စီးပွားဖြစ်လုပ်ကိုင်
နိုင်သည့် အဆင့်အထိ စိုက်ပျိုးထုတ်လုပ်လာနိုင်ပါက ဖြစ်ထွန်းရာ ဒေသများရှိ တောင်သူများနှင့် ပူးပေါင်းကာကန်ထရိုက်လယ်ယာစနစ်
ဖြင့် စိုက်ပျိုးထုတ်လုပ်သွားမည်ဟု ယခင်နှစ်ဆောင်းရာသီတွင် မက်ပ်ကိုမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။
- ရူပအောင်ဝင်း
 မူရင်းသတင်း

Thursday, August 28, 2014

ဝန်ဆောင်မှု ကွာလတီ Service Quality

လူကြီးမင်း ဝန်ဆောင်မှု တစ်ခုကို လုပ်နေပါက အောက်ပါအချက်များကို ပြည့်စုံပါစေ။ မုချ အောင်မြင်မည်။
၁။ ယုံကြည်စိတ်ချရမှု
Reliability
၂။ အချိန်မီတုံ့ပြန်မှု အချိန်ကိုက်ဆောင်ရွက်မှု
Responsiveness
၃။ စွမ်းဆောင်ရည်ပြည့်ဝမှု
Competence
၎။ ရယူသုံးဆွဲရန်လွယ်ကူမှု
Access
၅။ ယဉ်ကျေးပျူငှာမှု
Courtesy
၆။ ကောင်းမွန်စွာ ဆက်သွယ်ဆောင်ရွက်မှု
Communication
၇၊ ယုံကြည်စိတ်ချနိုင်စွမ်း
Credibility
၈။ လုံခြုံမှု
Security
၉။ ဝယ်သူများ အပေါ် နားလည်မှု
Understanding Customer   

Bill Gates ပြောသော အထက်တန်းကျောင်းမှာ သင်မရနိုင်တဲ့ အရာ ၁၁ ချက်

အထက်တန်းကျောင်းမှာ သင်မရနိုင်တဲ့ အရာ ၁၁ ချက်ကို Bill Gates ပြောပါတယ်။

Rule 1:
ဘဝကမမျှတဘူး။ အဲဒါကို သိရင်ကိုယ်များများရအောင် များများလုပ်။
Rule 2:
ကိုယ်ကိုယ်တိုင် ကျေနပ်တဲ့ လုပ်ဆောင်နိုင်သည့် အထိအောင်မြင်မှုမရမချင်းမင်းမှာဘာဆန္ဒရှိလဲဆိုတာကမ္ဘာကြီးက ကရုမစိုက်ဖူး။
Rule 3:
အထက်တန်းကျောင်းပြီးသွားရင် တနှစ်ကိုဒေါ်လာ $60,000 ရအောင်မလုပ်နိုင်ပါဘူး။ ဝင်ငွေ နှစ်ဆ ရတယ်ဆိုရင်တောင် ကိုယ်ပိုင်ကားနဲ့ ကုမ္ပဏီ ဒုဥက္ကဌ မဖြစ်နိုင်ပါဘူး
Rule 4:
မင်းဆရာတွေဘာတွေနေတယ်ဆိုတာကိုမင်းစဉ်းစာမယ်ဆိုရင် မင်းသဌေးဖြစ်အောင်စောင့်ရမယ်။
Rule 5:
အသားညှပ်မုန့်ထဲ့မှာဖွင့်ကြည့်ရင် မင်းရဲလုပ်ဆောင်လိုတဲ့ ဆန္ဒတွေမရှိပါဘူး။ မင်းအဘိုး သင်ကြားပေးတဲ့ စကားလုံးတွေက လှန်ကြည့်လို့ရတဲ့ အသားညှပ်မုန့်တစ်ခုကွ။အဲဒါအခွင့်အလမ်းဆိုတာဘာလဲ ဆိုတဲ့ သူဘဝနဲ့ ရင်းပြီး ရေးခဲ့ တဲ့ တက်ကျမ်းတစ်ဆောင်ဘဲ။
Rule 6:
မင်းမိဘတွေ အမှားတွေလုပ်အများကြီး လုပ်မိတာမျိုးတွေရင် သူတို့လိုအမှားမျိုးမလုပ်မိစေနဲ့ အဲဒီအမှားတွေကသင်ယူပါ။
Rule 7:
မင်းမမွေးခင်တုန်းက မင်းမိဘတွေ ဘဝဟာ ငြီးငွေဖွယ် ဒီလောက်မကောင်းသေးပါဘူ။ မင်းရဲ့ အသုံးစရိတ်တွေ။ အဝတ်အားတွေးလျှော်ရဖွတ်ရ။ မင်းရဲ့ အတွေးတိမ်တိမ် စကားတွေကြားရ နဲ့ ဘယ်လောက် ငြီးငွေ့ဖို့ကောင်းလိုက်မလဲ။ ဒါ့ကြောင့် မိသားစု ရဲ့မျိုးဆက်သစ် ဖြစ်တဲ့ မင်းက ကိုယ့်မျိုးဆက်ကို အမည်ကောင်းရဖို့ ဘာတွေလုပ် ရမယ်ဆို တာ ကိုယ်အခန်းထဲမှာ နက်နက်နဲနဲ တွေးဖို့ လိုအပ်ပါတယ်။
Rule 8:
သင်ကျောင်းသည် အအောင် အရှုံးဖြင့်ဆုံးဖြတ်လျင် ဒီစာအုပ်ထဲက စာ ဒီလိုဖတ်ဖြေ ပြီးပြီ။ ဘဝအဲဒီလောက်နဲ့ မပြီနိုင်။ တချို့ကျောင်းများတွင် အဖြေမှန်ရအောင် အကြိမ်ကြိမ် ကြိုးစားဖြေခွင့်ပေပါသေးတယ်။ ကျောင်းတွေက လက်တွေ့ဘဝမှာအသုံးကျတဲ့ အရာတွေလို့ တိုက်ရိုက်မပြောလိုက်နိုင်ပါဘူး
Rule 9:
ဘဝကိုတတန်းပြီးတစ်တန်းခွဲထားခြင်းမရှိဖူး။ နွေရာသီကျောင်ပိတ်ရက်လည်းမရှိဘူး။ အလုပ်ရှင်တချို့သာမင်းတို့ရဲ့ မင်တို့ကိုယ် မင်းတို့သိအောင်ဆောင်ရွက်နိုင်ဖို့ အကူအညီပေးတာ။ သူတို့ မပေးရင်တော့ ကိုယ်ပိုင် အချိန်လေးမှာကိုယ်ကိုယ်ကိုသိအောင်လုပ်။
Rule 10:
ရုပ်မြင်သံကြားကြည့်ခြင်းသည် အစစ်အမှန် ဘဝမဟုတ်။ လက္ဘက်ရည်ဆိုင်ထိုင်ခြင်းဖြင့် အချိန် မဖြုံးဘဲအလုပ်ကိုသွားရမည်။
Rule 11:
အခွင့်အလမ်းဆိုတာ မင်းတစ်ခုခုကို လုပ်ပြီးမှ ရတာပါ။

Wednesday, August 27, 2014

ကုန်ပစ္စည်း ကွာလတီ Product Quality

လူကြီးမင်း ထုတ်ကုန်တစ်ခုကို ထုတ်လုပ်နေပါသလား ဒီအချက်တွေ ပြည့်စုံအောင်လုပ်ပါ။ မုချ အောင်မြင်မည်။
၁။ လုပ်ဆောင်ချက်စုံလင်မှု
Functionality
၂။ ကြာရှည်ခံမှု
Durability
၃။ တစ်စုံတစ်ရာ ချွတ်ယွင်းတိမ်းချော်သွားပါက မူလအတိုင်း ပြန်လည်ပြင်ဆင်နိုင်မှု
Recovery
၎။ သွင်ပြင်လက္ခဏာ
Appearance
၅။ ယုံကြည်စိတ်ချရမှု
Reliability

ဆရာကြီး ပီမိုးနင်း ရေးသည့် ကဗျာ

ငယ်ငယ်က ကျွန်တော့် အမေက ဆရာကြီး ပီမိုးနင်း စာအုပ်တွေဝယ် ဝယ်လာတယ်။ အဲဒီ အထဲက မှတ်ထားတာလေးတွေ.........

ဆရာကြီး ပီမိုးနင်း ရေးသည့် ကဗျာ

တရုပ်ကုလား၊ သူဌေးများ၊ မျိုးကားဝါဏိဇ္ဇာ။
အကြံသေးမွှား၊ မြန်မာများ၊ ကပ်ငြားမင်းစိုးသာ။
အကြံမမီ၊ ဉာဏ်သေးလှီ၊ တို့ပြည် သူ့အောက်မှာ၊
အကြံသေးနုပ်၊ ဉာဏ်သစ်ငုတ်၊ စုတ်စုတ်မြုပ်ဖို့ရာ။
ရက်မြတ်ရက်ကောင်း၊ မရွေးရောင်း၊ ရကြောင်းမြတ်ဥစ္စာ။
ဥစ္စာရပြန်၊ တွက်ကိန်းမှန်၊ မှတ်ရန်မြဲမကွာ။
အတွက်ရှိမှ အမြတ်ရ၊ လာဘတည်ကြောင်းသာ။
အတွက်မသိ စည်းမရှိ၊ ဖြစ်မည်ဒုက္ခိတာ။
အရှာတတ်က ထားတတ်မှ၊ ဓနလက်ဝယ်ကြာ။
                                                      ဆရာကြီး ပီမိုးနင်း

                                                      အာဂလူ စာ ၁၀၅
၁၉၆၂ ခုနှစ် ဧပြီလ ဗန္ဓုလ ဂျာနယ်တွက် ရေးသားထားသော သံပေါက် ကဗျာတစ်ပုဒ်ဖြစ်သည်။

Tuesday, August 26, 2014

ကွာလတီ

ကွာလတီ
Quality
ကွာလတီ အရည်အသွေး ဆိုသည်မှာ ဝယ်သူတို့၏ မျှော်လင့်ချက်များကို ကျော်လွန်အောင် ဖြည့်စွမ်းပေးနိုင်သော ကုန်ပစ္စည်း ဝန်ဆောင်မှု ကိုဆိုလိုသည်။
Product and service that meet or exceed customer's expectation.
                                                                       Kano
              

အောင်မြင်မှု အစစ်အမှန်

အောင်မြင်မှု အစစ်အမှန်ဟာ ကိုယ့်ရဲ့ ကိုယ်တွင်းကလာတာပါ။ ဒါ့ကြောင့် လူတိုင်း လူတိုင်း အောင်မြင်မှု ကို ရယူသိမ်းပိုက် နိုင်ပါသည်။
True Success comes from the inside, meaning that anyone can have it and anyone can keep it.
မာရီယာ ဘာတီရိုမို

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀

၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။ လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

Sunday, August 24, 2014

MRTV Set Top Box သုံးသိန်းကျော် အခမဲ့ ဖြန့်ဝေမည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV သည် ၁၉၈ဝ ပြည့်နှစ်မှစ၍ Analouge စနစ်ဖြင့် ထုတ်လွှင့်ခဲ့ရာ ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ စတင်ကာ Digital စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်လျက်ရှိရာ Digital Set Top Box ပေါင်း ၃ဝ၄,၉၄၄ လုံးကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။
Digital စနစ်သို့ ပြောင်းလဲ ထုတ်လွှင့်ရန် အောက်တိုဘာလ ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် နိုင်ငံပိုင်သတင်း စာများမှ ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြောင်းလဲထုတ်လွှင့်သည့်အခါ Digital Set Top Box မရှိ၍ မကြည့် နိုင်ဟု အခွင့်အရေး မဆုံးရှုံးအောင်ပံ့ပိုးသင့်သူကို ပံ့ပိုးနိုင်ရန်အတွက် MMRD ကုမ­္ပဏီကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ဟင်္သာတတို့တွင် လူတွေ့စစ်တမ်း ကောက်ယူစေခဲ့သည်။ ထိုသို့ စစ်တမ်းကောက် ယူအပြီးတွင် တစ်လ တစ်သိန်းခွဲအောက် ဝင်ငွေရှိကာ TV ပိုင်၊သစ်သားအိမ်၊ သက်ကယ်၊ ဝါး၊ ဓနိမိုး နေသူများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ Public Places၊ မိဘမဲ့ကျောင်း၊လူအိုရုံ၊ မသန်စွမ်းအသင်း၊ ပြည်သူ့စာကြည့်တိုက်၊ တက္ကသိုလ်၊ ကောလိပ်နှင့် သာရေးနာရေးအသင်းများသို့ Digital Set Top Box များကို အခမဲ့ ဖြန့်ဝေ ပံ့ပိုးပေးသွားမည်ဟုသိရသည်။
”ပထမအဆင့်နဲ့ ဒုတိယအဆင့်မှာ စက်ရုံ ၂၅ ရုံမှာ ၃ဝ၄,၉၄၄ လုံးကို အခမဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ပါ တယ်။ ပထမအဆင့်မှာ လူမှုအသိုက်အဝန်း ၉,၉၃၄ ၊ အိမ်ထောင်စု ၂၉,၈၂၆ နဲ့ ဒုတိယအဆင့်မှာ လူမှုအသိုက် အဝန်း ၈၁,၉၃ဝ၊ အိမ်ထောင်စု ၁၈၃,၂၅၄၊ စုစုပေါင်း လူမှုအသိုက်အဝန်း ၉၁,၈၆၄ နဲ့ အိမ်ထောင်စုပေါင်း ၂၁၃,ဝ၈ဝ အတွက် Digital Set Top Box ပေါင်း ၃ဝ၄,၉၄၄ လုံးကိုနိုင်ငံတော်က အခမဲ့ ပံ့ပိုးပေးတာဖြစ်ပါ တယ်။ ဒီအရေအတွက်ကိုကြည့်ရှုနိုင်မယ့် လူဦးရေဟာ ၃၉ ဒသမ ၈ သန်းခန့် ရှိနေပြီး ဒီအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိနေပါတယ်။ သူတို့တွေဟာ၂ဝ၁၄ အတွင်း Digital စနစ်ကိုကြည့်ရှုခံစား နိုင်မှာဖြစ်ပြီးတော့ ဒါဟာအလွန်ကောင်းတဲ့ အလားအလာဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ်ဦးတင့်ဆွေက ပြောသည်။
Digital Set Top Box များဝယ်ယူရန် ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် တင်ဒါခေါ်ယူခဲ့ရာ ပြည်တွင်းရှိ Kaung Thant Kyaw Co.,Ltd က Digital Set Top Box တစ်လုံး ၁၄ ဒသမ ၇ ဒေါ်လာဖြင့် ဈေးအနည်း ဆုံးသွင်းနိုင်သဖြင့် တင်ဒါအောင်မြင်ခဲ့သည်။
Digital Set Top Box အလုံးပေါင်း ၃၃၅,ဝဝဝ အတွက် အမေရိကန် ဒေါ်လာ ၄,၉၂၄,၅ဝဝ ပေး၍ ဝယ်ယူသွားမည်ဖြစ်ကာ ယင်းတို့အနက် ၃ဝ၄,၉၄၄ လုံးကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် Digital စနစ် ပြောင်းလဲခြင်းကို ၂ဝ၂ဝ ပြည့်နှစ် အပြီးဆောင် ရွက်ရာတွင် တစ်နိုင်ငံလုံး Digital စနစ်သို့ ချက်ချင်းပြောင်းလဲစေသည်မဟုတ်ဘဲ အဆင့်ငါးဆင့်ဖြင့် ပြောင်း လဲသုံးစွဲစေမည်ဖြစ်သည်။ အဆင့်တိုင်းတွင် Analouge+Digital (Simulcast)သုံးနှစ် လွှင့်ပေးထားမည်ဖြစ်ကာ သုံးနှစ်ပြည့်မှသာ Analouge Switch Off(ASO) ဖြစ်မည်ဖြစ်သည်။ Simulcast ကာလအတွင်း Digital Set Top Box တစ်လုံး ပိုင်ဆိုင်နိုင်ရန်ပြင်ဆင်ထားသင့်သည်ဟုလည်းဦးတင့်ဆွေက ပြောသည်။
”TV Digital Tuner ပါတဲ့ TV တွေဆိုရင်လည်း Digital Set Top Box မလိုဘဲနဲ့ ဖမ်းယူကြည့်ရှုနိုင်မှာ ပါ။ ဒါပေမယ့် ဒီလိုမျိုး TV တွေကမြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲမှာဝင်ရောက်မှုနည်းနေသေးပြီး ဈေးနှုန်းအား ဖြင့်လည်း မြင့်မားနေပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် Set Top Box များအခမဲ့ဖြန့်ဝေမည့် အစီအစဉ်ကိုသာအသိပေးထုတ်ပြန်ခဲ့ပြီး ဈေးကွက် အတွင်း ရောင်းချမည့် အစီအစဉ်အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။ ၂ဝ၁၄ ခုနှစ်တွင် ကုမ္ပဏီအသီး သီးမှ တံဆိပ်အမျိုးမျိုး၊ အရည်အသွေးအမျိုးမျိုး၊ဈေးနှုန်းအမျိုးမျိုးးဖြင့် တင်သွင်းရောင်းချကြမည်ဖြစ်ပြီး ဈေးနှုန်းသတ်မှတ်ချက်ကိုမူ အတိအကျမပြောနိုင်သေးကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။
စုမွန် (UFL) 
မူရင်းသတင်း

ပြောင်းလဲ ကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့်စနစ်သစ် ကျူရှင်ဈေးကွက် ဖြစ်ပေါ်နိုင်

တက္ကသိုလ်ဝင်ခွင့်များကို လာမည့် ပညာသင်နှစ်တွင် ပြောင်းလဲကျင့်သုံးသွားပါက ကျူရှင်ဈေးကွက် အသစ်တစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း၊ တက္ကသိုလ်ဝင်စာမွေးပွဲ အောင်မြင်သူများအနေဖြင့် အသက်မွေးဝမ်း ကျောင်း တက္ကသိုလ်များသို့ ဝင်ခွင့်စိစစ်ရွေးချယ်မှုဆိုင်ရာ စာမေးပွဲကိုဖြေဆိုရမည်ဖြစ်ကြောင်း တက္ကသိုလ် ဆရာအချို့ထံမှ သိရသည်။
ဆေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင့်ဆွေလတ်က”ကျွန်တော်တို့ လာမယ့်နှစ်လောက် မှာတော့ ဝင်ခွင့်တွေကို ပြောင်းလဲကျင့်သုံးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနှစ်ကိုတော့ အရင်နှစ်တွေက အတိုင်းပဲ ဆက်လက်ကျင့်သုံးသွားမယ်လို့ စီစဉ်ထားပါတယ်”ဟုတက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ ဝင်ခွင့်စိစစ်ရွေးချယ်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် တင်ပြပြောဆိုခဲ့သည်။
လာမည့်နှစ်တွင် ဆေးနှင့်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာ တက္ကသိုလ် စသည့်အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများကို လူတွေ့စစ်ဆေးမှု၊ စာလိုက်နိုင်စွမ်းစစ်ဆေးမှုများကိုပါ ထည့်သွင်းစစ်ဆေးသွားရန်ရှိကြောင်း သိရသည်။
ဦးညီလှငယ်က ”စိတ်ပညာစစ်ဆေးမှုတွေ၊ စာလိုက်နိုင်စွမ်းစစ်ဆေးမှုတွေလုပ်ဖို့ လွယ်မလား၊ ကျောင်းတိုင်းလုပ်နိုင်ပါ့မလား ဆိုတာကို ထည့်သွင်းစဉ်းစားထားဖို့တော့လိုပါတယ်။ အဓိက စစ်ဆေးရမှာက အင်ဂျင်နီယာတက္ကသိုလ် တက်မယ့်သူတွေအတွက်ဆိုရင် သင်္ချာ၊ ရူပဗေဒ၊ အင်္ဂလိပ်စာတွေက နည်းပညာ တက္ကသိုလ်တွေအတွက် အရေးကြီးပါတယ်”ဟု ပြောကြားဆွေးနွေးခဲ့သည်။
ဆရာများသမဂ္ဂမှ ဒေါက်တာအာကာမိုးသူကလည်း ”ဘာသာရပ်ဆိုင်ရာဝင်ခွင့် ကန့်သတ်မယ်၊ စိတ် ပညာစစ်ဆေးမှုတွေရော လုပ်မယ်ဆိုရင် သူတို့ပြောတဲ့ လူတိုင်း အကျုံးဝင်ပညာရေးစနစ်တစ်ခုကို တစ်နည်း နည်းနဲ့ ကန့်သတ်လိုက်သလို ဖြစ်သွားမယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီးတော့ IELTS တို့၊ TOEFL တို့က ပညာရေးမှာ စနစ်တကျ အသုံးပြုခဲ့တာမရှိဘူး။ ပညာရေးမှာ စာမေးပွဲစနစ်ကို ပုံသေသတ်မှတ်တဲ့အခါမှာ အလွတ်ကျက်မှတ်တာကို ပြန်ပြီးအသုံးပြုတာဖြစ်တယ်။ အခြေခံစနစ်မှာ စနစ်တကျ ကျင့်သုံးပြီးသား ကို တက္ကသိုလ်ဝင်ခွင့်အနေနဲ့ ကျင့်သုံးရင် သင့်တော်တယ်။
”အဲဒါမဟုတ်ရင်တော့ ဒီဘက်က အခြေခံပညာရေးမှာပါ မြှင့်တင်ထားဖို့လိုတယ်။ အင်္ဂလိပ်စာ စစ်ဆေး မှုကို IELTS ပုံစံမျိုးသွားလုပ်ရင်ဘာသာစကားသင်တဲ့ ကျူရှင်တွေကို တွန်းအားပေးရာ ရောက်တယ်။ ကျူရှင် စနစ်ကို ပိုပြီး ထွန်းကားလာနိုင်တယ်။ အဲဒါမှ မဟုတ်ရင် English major နဲ့ သင်ကြားနေတဲ့ ဆရာ၊ ဆရာမ တွေအတွက် မှောင်ခိုဈေးကွက်ဖြစ်လာမယ်။ တခြားဟာတွေလည်းဖြစ်လာနိုင်တယ်”ဟု ပြောသည်။
ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းအဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်ကလည်း National Examination က စပြီး ထည့်သွင်းစဉ်းစားထားရန် လိုအပ်ကြောင်း၊ ဘာသာရပ်တိုင်းသည် တန်ဖိုးရှိသည့် ဘာသာရပ်များဖြစ်သည့်အတွက် မူဝါဒများကိုအသေးစိတ်ချမှတ်ပြီး ဝင်ခွင့်စာမေးပွဲများကို မည်သို့ပြုလုပ်သွား မည်ကိုထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။
အဆင့်မြင့်ပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက”လက်ရှိ မြန်မာနိုင်ငံမှာ တက္ကသိုလ် ပေါင်း ၁၆၉ ကျောင်း ရှိပါတယ်။ အဲဒီထဲမှာ သာသနာရေးဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနက ကျောင်းတွေကို ထည့်သွင်းမထားပါဘူး”ဟုပြောကြားခဲ့သည်။
ရဲလင်းထွဋ်

မူရင်းသတင်း