Friday, December 27, 2013

ဆောင်းနှင့်အတူ အေးနေတဲ့ ဆန်ဈေးကွက်

မြန်မာနိုင်ငံဆန်စပါးကုန်သည် များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(၀ါး တန်း) ရဲ့ လက်ကားဆန်ဈေးမှာ ပေါ် ဆန်းအသစ်(ဖျာပုံ)(လတ်စ) တစ်အိတ် လျှင် ၂၁၅၀၀ိ/-ဖြစ်ခဲ့သဖြင့် ယခင်အ ပတ်ထက် ၅၀၀ိ/-၊ ပေါ်ဆန်းအသစ် (ဖျာပုံ)(ထိပ်စ)တစ်အိတ်လျှင် ၂၂၅၀၀ိ/- ဖြစ်ခဲ့သဖြင့် ယခင်အပတ်ထက် ၅၀၀ိ/-၊ ပေါ်ဆန်းအသစ်(နယ်စုံ) (လတ်စ) တစ်အိတ်လျှင် ၂၁၀၀၀ိ/- ဖြစ်ခဲ့သဖြင့် ယခင်အပတ်ထက် ၁၀၀၀ိ/-၊ ပေါ်ဆန်းအသစ်(နယ်စုံ) (ထိပ်စ)တစ်အိတ်လျှင် ၂၂၅၀၀ိ/-ဖြစ်ခဲ့ သဖြင့် ယခင်အပတ်ထက် ၁၀၀၀ိ/- အသီးသီးဈေးသိသာစွာ ကျခဲ့ပြီး ဧည့် မထ(အောက်စ) တစ်အိတ်လျှင် ၁၃၅၀၀ိ/-ဖြစ်ခဲ့သဖြင့် ယခင်အပတ် ထက် ၂၀၀ိ/-၊ ငစိန်(လတ်စ) တစ်အိတ် လျှင် ၁၃၈၀၀ိ/- ဖြစ်ခဲ့သဖြင့် ယခင်အ ပတ်ထက် ၂၀၀ိ/-၊ ငစိန်(ထိပ်စ)တစ် အိတ်လျှင် ၁၄၂၀၀ိ/-ဖြစ်ခဲ့သဖြင့် ယခင်အပတ်ထက် ၃၀၀ိ/- အသီးသီး ဈေးအနည်းငယ်ကျခဲ့တာကို တွေ့ရှိရပါ တယ်။
ဝါးတန်းဒိုင်သို့ ဆန်အ၀င်လှိုင် နေပေမယ့် အရောင်းအ၀ယ်အေးနေ တယ်။ အထူးသဖြင့် ပေါ်ဆန်းစပါးများ ခြောက်လာပြီဖြစ်လို့ နယ်စက်များမှ ကြိတ်ခွဲပြီး ရန်ကုန်သို့ တင်ပို့မှုများနေ ပေမယ့် လလယ်ရောက်နေလို့ မြို့တွင်း လက်လီဆိုင်သမားများမှ အ၀ယ်အေး နေခြင်းနှင့် မြိတ်လိုင်းမှအဆွဲလျော့နေ ခြင်းများကြောင့် ဈေးနှုန်းသိသာစွာပြန် ကျရတာဖြစ်တယ်လို့ ကြားသိရပြီး ဆန် ကြမ်းတွေလည်း အ၀ယ်လေးကာ ဈေး အေးနေကြောင်း ကြားသိခဲ့ရပါတယ်။  ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ် ဆန်သစ်တစ်အိတ် (၁၁၀ ဒသမ ၂၅ ပေါင်)လျှင် ၁၃၈၀၀ိ/- ခန့် ဈေးနှုန်းရှိနေပြီး ဈေးဆက်လက်ငြိမ်နေ တာတွေ့ရပါတယ်။ ငစိန် ၂၅ မှတ် ဆန်သစ်တစ်အိတ် (၁၁၀ ဒသမ ၂၅ ပေါင်)လျှင် ၁၃၈၀၀ိ/-ခန့်ဈေးနှုန်းဖြစ် နေပြီး ယခင်အပတ်ထက် ၂၀၀ိ/-ခန့် ဈေးပြန်ကျခဲ့တာတွေ့ရပါတယ်။ EMATA   ၂၅ မှတ် FOB (Yangon) ဈေး ၃၁၀/၃၂၀  USD/MT ခန့်သာဈေးနှုန်းရှိနေပြီး ရန်ကုန် FOB အရောင်းအ၀ယ်ငြိမ်နေကြောင်း၊ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ် (၅၀ ကီလို)လျှင် ၁၃၆၀၀ိ/- ဖြင့် MAPCO မှ ဈေးဖွင့်ဝယ်နေသော် လည်း ရောင်းမည့်သူက ဈေးမလိုက်၍ ရောင်းချသူနည်းပါးကြောင်း သိရပါ တယ်။ အခုနောက်ပိုင်း မြန်မာပြည်၏ အဓိက ဆန်တင်ပို့ရာထွက်ပေါက်ကြီး တစ်ခုဖြစ်တဲ့ မူဆယ်မှာတော့ ၁၃-၁၂-၂၀၁၃ နေ့ဈေးနှုန်းအရ ဧည့်မထ ၂၅ မှတ်၊ ဆန်သစ်တစ်အိတ် (၅၀ ကီလို) လျှင် ၁၁၄-၁၁၆ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် (၅၀ ကီလို)လျှင် ၁၁၇-၁၁၈ ယွမ်ဈေးနှုန်းဖြစ်ပေါ်နေကာ ယနေ့ ငွေလဲနှုန်းမူဆယ်မှာ တစ်ယွမ်လျှင် ၁၆၁ ဖြင့် ဆန်ဈေးရော ငွေဈေးပါငြိမ် နေကြောင်း သိရပါတယ်။ ပြည်တွင်း ဆန်ထွက်ရာတိုင်းဒေသကြီးများမှ မူဆယ်သို့ ယခုအပတ်အတွင်းဆန်တန် ချိန် ၁၆၀၀၀ ကျော်သာတင်ပို့ခဲ့လို့ ယခင်အပတ်ထက် တန်ချိန် ၃၀၀၀ ကျော်လျော့သွားတာတွေ့ရပြီး ဒီလို လျော့ရတာ မူဆယ်မှာ အရောင်းအ ၀ယ်ပြန်ငြိမ်လို့လျော့သွားရတာဖြစ် ကြောင်း၊ ရန်ကုန်မှ မူဆယ်သို့ ဆန်/ ဆန်ကွဲတင်ဆောင်ခမှာ တစ်တန်လျှင် ၈၅၀၀၀ိ/-ခန့်ဈေးရှိကာ တစ်အိတ် သယ်ခ ၄၂၅၀ိ/- ခန့်ရှိနေကြောင်း၊ ယခုရက်အတွင်း မူဆယ်သို့ ဆန်တင်ပို့ မှုနည်းသွားသော်လည်း ကားခမှာ ယခင်အပတ်ထက် တစ်တန်လျှင် ၂၀၀၀ိ/- မှ ၃၀၀၀ိ/- အတွင်းဈေး တက်ခဲ့တာတွေ့ရပါတယ်။ ယခုကာလ မှာ မူဆယ်သို့ ဖရဲသီးများသွားနေကြ ပြီး ဖရဲတစ်တန်ကားခ ၉၅၀၀၀ိ/- မှ ၁၀၃၀၀၀ိ/- ထိရှိကြောင်းလည်း သိရ ပါတယ်။ ရှေ့အလားအလာအနေဖြင့် (ပြည်တွင်းရော ပြည်ပအရောင်းပါ ခပ် အေးအေးဖြင့် ဆက်သွားနိုင်ပါကြောင်း ယခင်နှစ်ဆန်တန်ချိန် များများတင်ပို့ခဲ့ စဉ်က ဧည့်မထ ၂၅မှတ်အရည်အသွေး နိမ့်ဆန်များလည်း ရောနှောပါ ၀င်တင် ပို့ခဲ့ကြသဖြင့် ယခုနှစ်မြန်မာ့ဆန်ဈေး နှုန်းနိုင်ငံတကာ ပေါက်ဈေးထက် သက်သာသင့်တင့်သော်လည်း တန်ချိန် များပါက အရည်အသွေးအတွက် ၀ယ် သူဘက်က ယုံကြည်မှုလျော့ပါးလာမှု အချို့ရှိနေပါတယ်။ အခုနောက်ပိုင်းအ ရည်အသွေးလည်းမှန်၊ ဈေးလည်းမှန် သည့် မြန်မာ့တန်းမြင့်ဆန်ကို တန်ချိန် နည်းနည်းဖြင့်သာ ၀ယ်ယူမှုရှိနေပါ ကြောင်း၊ ပြည်တွင်းရှိ ဆန်စက်အများစု တွင် Colour Sorter ကဲ့သို့သော ခေတ်မီဆန်စက်ယူနစ်များ အပြိုင်တပ် ဆင်လာကြပြီး ယခင် ၂၅ မှတ် ဆန် လောက်သာ ကြိတ်ခွဲနိုင်သော အဆင့် မှ တန်းမြင့်ဆန်များလည်း ကြိတ်ခွဲ လာနိုင်ပြီဖြစ်ရာ ပြည်တွင်းပြည်ပဈေး ကွက်တွင်လည်း တန်းမြင့်ဆန်ဈေးကွက် တဖြည်းဖြည်းတိုးတက်ရရှိလာနေကြောင်း ကုန်စည်ဒိုင်နှင့် ဆန်ဈေးကွက်မှ သိရှိ တင်ပြလိုက်ရပါတယ်။    
သန်းအေး
http://www.commercejournal.com.mm/index.php?option=com_content&view=article&id=15388:2013-12-18-07-03-16&catid=16:2009-06-26-20-58-11&Itemid=10

No comments:

Post a Comment