Wednesday, March 20, 2013

အသုံးချ ကွန်ပျူတာ ပရိုဂရမ်းမင်း Applied Computer Programming

အစ

ကွန်ပျူတာ ပရိုဂရမ်းမင်း စ စိတ်ဝင်စားသည်မှာ GTI တက်စဉ် ကာလကစ၍ ဖြစ်သည်။ PLC ကို ကွန်ပျူတာ မပါ ဘဲ စာအုပ်ထဲတွင် code တွေရေးပြီး မော်တာ တစ်လုံးကို Star-Dalta ပြောင်းရာတွင် အဆိုပါ PLC ကိုသုံး၍ လိုသလောက် အချိန်ထားပြီး မောင်းနိုင်သည် ကို စိတ်ဝင်စားခြင်းဖြစ်သည်။ ဆရာ ဦးစောသိန်းထူး ကိုလည်းမေးကြည့်သည့် ဒီလိုစာလုံးတွေရိုက်ပြီး ခိုင်းနိုင်သလားဆိုပြီးတောင် မေးကြည့်မိသည့် ဆရာက ရသည် ဆိုတော့ ပျော်မိသည်။ တကယ် မောင်းနိုင်သည် ကိုတော့ လက်တွေ့ စမ်းမကြည့် လိုက်ရဘဲ ကျောင်းပြီးသွားသည်။ နောက် လုပ်ငန်းခွင်ထဲရောက်တော့ Touch Screen ဖြင့်မောင်းရသော ကော်ရေသန့်ဗူးတွေလုပ်သည့် Stretch Blow  စက်များ၊ Injection စက်များကို ကိုင်ရသော အခါ ကိုယ်နှင့်တော်တော် အလှမ်းကွာ လှမည် ဟုထင်ရသည်။
စာအုပ်

အလုပ်တွင် အတူလုပ်သော ကိုနိုင်လွင်ဦး ဆိုသော အစ်ကိုတစ်ယောက်သည် BE ဆင်းတစ်ယောက်ဖြစ်ပြီး သူဆီတွင် ကွန်ပျူတာ ပရိုဂရမ်းမင်း စာအုပ် တစ်အုပ်ရှိသည် ဆိုသဖြင့် ငှါးဖတ်ကြည့်ရာ မည်သို့မျှ နားမလည်နိုင်ပါ။ သို့နှင့် ဆက်လက်မလုပ်နိုင်ဘဲရှိနေ၏။ တန်ဖိုးကြီး သင်တန်းများ မတက်နိုင်သဖြင့် ဤမျှနှင့် ပင်ရပ်နေရသည်။
CNC

cnc ကို Nibban တွင် အလုပ်လုပ်နေစဉ် သင်တန်းပေးသဖြင့် ကွန်ပျူတာကို ဒီလို အလုပ်ခိုင်းလို့ ရပါလားဆိုတာသိရသည်။ တို့ကျောင်းတွင် သင်ရသော ကိုဩဒီနိတ်ပြင်ညီ သည် ဒီလိုစက်ကို ခိုင်းစာလို့ရတဲ ဘာသာရပ် တစ်ခုပါလားဆိုတာသိလာသည်။
အသုံးချ Programming

သင်္ချာနှင့် ကွန်ပျူတာ လူသား ဆက်စပ်နေသည်ကို သိရှိပြီး လေ့လာလိုစိတ်များပြင်းပြလာရာမှ  Python ကွန်ပျူတာ ပရိုဂရမ်းမင်းကို လေ့လာမိသည်။ ဘယ်လို အသုံးချနိုင်သလဲကို ကြည့်ရင် အသုံးချ Programming ကိုရေးစမ်းကြည့်မိပါသည်။

No comments:

Post a Comment