Showing posts with label Programming. Show all posts
Showing posts with label Programming. Show all posts
Sunday, March 24, 2013
Algorithm အဆင့်ဆင့်တွက်နည်း
Algorithm ဆိုသည်မှာ
"Algorithm ဟူသည်မှာ ပုစ္ဆာတစ်ခုကို အဆင့်ဆင့် တွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် နည်းဥပဒေများဖြစ်သည်" ဟု ဆရာကြီးဒေါက်တာ ခင်မောင်ဝင်း ၏ ကွန်ပျူတာသုံး သင်္ချာတွင် ဆိုထားပါသည်။
ထိရောက်သော Algorithm အသစ်ကို တစ်ခုကို တီတွင်လိုက်နိုင်သည် နှင့် ကွန်ပျူတာသည် အချိန်တိုအတွင်း အဖြေ ထုတ်ပေးနိုင်အောင်ဆောင်ရွက်ပေးနိုင်သည်။
ဘာလဲဟဲ Algorithm?
Algorithm ဆိုတာကြားစဉ်က ကိုယ်နှင့် တကယ် မရင်းနှီးသော စာလုံးဟုထင်မိသည်။ ကွန်ပျူတာ နှင့် ယှဉ်ပြီး ချက်ထိုးလို တစ်ခါမှမနိုင်သည်လည်း Algorithm ဖြင့်ပင်ဆောင်ရွက် ထားသည်။ Google က ကျွန်တို့ ရှာချင်တာကို လူလောက်ပြန်ဖြေပေးနိုင်တာသည်လည်း Algorithm ။
တွေ့ပြီးသူဘဲ
အခြေခံ အကျဆုံး Algorithm သည် ကျွတ်တော်တို့ ၆ တန်းက သင်ရသော အပေါင်းကိန်းနှစ်ခု၏ အကြီးဆုံးဘုံဆခွဲကိန်း(Greatest Common Divisor ) ရှာသည့် နည်းဖြစ်သည်။ မသိလိုသာ မသိရတယ် ကွန်ပျူသုံးသင်္ချာကို ခြောက်တန်းလောက်တည်းက စတာပါကလား။ အကြီးဆုံးဘုံဆခွဲကိန်း g.c.d သည် ကိန်းနှစ်လုံးကို စား၍ ပြတ်သော အကြီးဆုံးဂဏန်းကို ဆိုလိုသည်။ တီထွင်တာက လွန်ခဲ့တဲ့ နှစ်ပေါင် ၂၃၀၀ လောက် ယူကလစ် ဆိုတဲ့ ဘိုးတော်ကြီးက တွေ့ခဲ့တာ။ ကွန်ပျူတာ ခေတ်အထိ စည်းဝါးကိုက် အသုံးတဲ့နေတုန်း။
ယူကလစ် ၏ ရှာနည်း
ကိန်းနှစ်လုံးကို a နှင့် b ဟုထားပါ။
အဆင့် (၁)။ a နှင့် b ဟုသော ကိန်းနှစ်လုံးကို စစ်ဆေးကြည့်ပါ။ အဆင့် (၂) ကိုသွားပါ။
အဆင့် (၂)။ ထိုကိန်းနှစ်လုံးကို နှိုင်းယှဉ်ကြည့်ပါ။ ဖြစ်နိုင်ခြေ သုံးမျိုးရှိသည်။
a နှင့် b တူချင်တူမည်။
a သည် b အောက် ငယ်ချင်ငယ်မည်။
a သည် b ထက်ကြီးချင်ကြီးမည်။ အဆင့်(၃)ကိုသွားပါ။
အဆင့် (၃)။ a နှင့် b တူခဲ့လျင် ၎င်းင်းသည် g.c.d ဖြစ်သည်။
အကယ်၍ a နှင့် b မတူခဲ့လျင် အဆင့်(၄) ကိုသွားပါ။
အဆင့် (၄)။ a သည် b အောက် ငယ်လျင် သူတို့ကို နေရာပြောင်းပါ။ (ဆိုလိုသည်မှာ စောစောက a ကိုရှေ့တွင်ထားခဲ့ပြီး b ကို နောက်တွင်ထားခဲ့၏။ အဆင့်(၄) ၏ ဆိုလိုရင်းမှာ ကြီးသောကိန်းကို a ဟုပြန်ခေါ်၍ ငယ်သောကိန်းကို b ဟု ခေါ်ရမည် ဟူ၍ဖြစ်သည်။ ) အဆင့်(၅) သို့သွားပါ။
အဆင့်(၅)။ a ထဲမှ b ကိုနှုတ်ပါ။နှုတ်ခဲ့သောကိန်း (b) နှင့် နှုတ်၍ရသော အဖြေ (a-b) တို့ကိုသူပါ။ အဆင့်(၂) သို့ပြန်သွားပါ။
ဤနည်းဖြင့် အဆင့်ဆင့်တွက်သွားလျင် အဆင့်(၂) သို့ပြန်ရောက်မည်။ ပြီးလျင် အဆင့်(၃)၊ (၄) သို့ရောက်မည်။ နောက်ဆုံးကိန်း နှစ်လုံးတူသွားလျင် အဆင့် (၃) တွင် အဆုံးသတ်သည်။
နမူနာ
21 နှင့် 14 တို့၏ g.c.d ကိုရှာပါ။
အဆင့်(၁) 21, 14
အဆင့်(၂) 21 သည် 14 ထက်ကြီးသည်။
အဆင့်(၃) အဖြေမရသေးပါ။
အဆင့်(၄) 21 နှင့် 14
အဆင့်(၅) 21-14=7
14 နှင့် 7 ကိုယူပါ။
အဆင့်(၂) 14 သည် 7 ထက်ကြီး၏။
အဆင့်(၃) အဖြေမရသေးပါ။
အဆင့်(၄) 14 နှင့် 7
အဆင့်(၅) 14 - 7 = 7
အဆင့်(၂) 7 နှင့် 7 တူ၏။
အဆင့်(၃) g.c.d = 7
အသုံးချ
အဲဒီ အကြီးဆုံးဘုံဆခွဲကိန်းသိတော့ဘာလုပ်လိုရလဲ။ မေးရပေမည်။
Steve Jobs (စတိဗ်ဂျော့စ်) ကပြောဖူးသည် တစ်စုံတရာသော ပစ္စည်းတစ်ခုကို လူကြီးတွေက ဒါဘာလဲလို့ မေးမည်။ လူငယ်တွေကျတော့ ကျွန်တော်တို့ ဒါနဲ့ဘာလုပ်လို့ရလဲ ဟုဆိုသည်။ ကိုင်း အခုလည်း အကြီးဆုံးဘုံဆခွဲကိန်းg.c.d သိတော့ ဘာလုပ်လို့ရမလဲမေးမည်။
ဥယျာဉ်ခြံ တစ်ခုသည် 216 မီတာကျယ်၍ 240 မီတာအရှည်ရှိသည်။ အဲဒီဥယှဉ်ခြံကို ခြံစည်ရိုးခတ်မည်။ ကိုယ်ခြံကို ကိုယ်ပိုင်လေယဉ်နှင့် ဖြစ်စေ Google earth ကနေဖြစ်စေ ကြည့်ရင် ခြံစည်းရိုးတိုင်တွေ ပတ်ပတ်လည် အကွာအဝေးညီရှိနေစေအောင်လုပ်သည့်နေရာတွင်သုံးသည်။
ထိုအတူ ကိုယ်ပိုင်လယ်ကွက်များကို တူညီသော အကွက်များ စိတ်ချင်သည့် အခါသုံးနိုင်သည်။ ကျွန်တော်တို့ နိုင်ငံရှိ လယ်ကွက်များကို အပေါ်စီးမှ ကြည့်လျင် အော်ငါတို့တွေ မျဉ်းဖျောင့်အောင်မဆွဲနိုင်သေးပါလား လို့တောင် သံသယဖြစ်မိသည်။ ဟုတ်မဟုတ်ကို Google earth မှရှုစားကြည့်ကြပါ။
g.c.d ကို python ကွန်ပျူတာ ပရိုဂရမ်းမင်းသုံးပြီး ရှာနည်းကို ဆက်လက်ရေးသားပါမည်။
Zen of Python
ပိုင်သွန်ကို လေ့လာလိုသော သူများ အတွက် Zen of Python ကိုသိချင်ပါက။
လေ့လာကြပါကုန်။
import this
ကိုယ်ပိုင်းသွန် ကွန်ပျူတာ ပရိုဂရမ်းမင်း သူမှာ ပါလာသော builtin ပါလာသော module များကိုသိချင်သလား။
help()
ရိုက် ပြီးရင်modules လို့ရိုက်လိုက်ပါ Python တွင်ပါလားသော standard lib ကို တွေ့ရမည်။လေ့လာကြပါကုန်။
Wednesday, March 20, 2013
အသုံးချ ကွန်ပျူတာ ပရိုဂရမ်းမင်း Applied Computer Programming
အစ
ကွန်ပျူတာ ပရိုဂရမ်းမင်း စ စိတ်ဝင်စားသည်မှာ GTI တက်စဉ် ကာလကစ၍ ဖြစ်သည်။ PLC ကို ကွန်ပျူတာ မပါ ဘဲ စာအုပ်ထဲတွင် code တွေရေးပြီး မော်တာ တစ်လုံးကို Star-Dalta ပြောင်းရာတွင် အဆိုပါ PLC ကိုသုံး၍ လိုသလောက် အချိန်ထားပြီး မောင်းနိုင်သည် ကို စိတ်ဝင်စားခြင်းဖြစ်သည်။ ဆရာ ဦးစောသိန်းထူး ကိုလည်းမေးကြည့်သည့် ဒီလိုစာလုံးတွေရိုက်ပြီး ခိုင်းနိုင်သလားဆိုပြီးတောင် မေးကြည့်မိသည့် ဆရာက ရသည် ဆိုတော့ ပျော်မိသည်။ တကယ် မောင်းနိုင်သည် ကိုတော့ လက်တွေ့ စမ်းမကြည့် လိုက်ရဘဲ ကျောင်းပြီးသွားသည်။ နောက် လုပ်ငန်းခွင်ထဲရောက်တော့ Touch Screen ဖြင့်မောင်းရသော ကော်ရေသန့်ဗူးတွေလုပ်သည့် Stretch Blow စက်များ၊ Injection စက်များကို ကိုင်ရသော အခါ ကိုယ်နှင့်တော်တော် အလှမ်းကွာ လှမည် ဟုထင်ရသည်။
စာအုပ်
အလုပ်တွင် အတူလုပ်သော ကိုနိုင်လွင်ဦး ဆိုသော အစ်ကိုတစ်ယောက်သည် BE ဆင်းတစ်ယောက်ဖြစ်ပြီး သူဆီတွင် ကွန်ပျူတာ ပရိုဂရမ်းမင်း စာအုပ် တစ်အုပ်ရှိသည် ဆိုသဖြင့် ငှါးဖတ်ကြည့်ရာ မည်သို့မျှ နားမလည်နိုင်ပါ။ သို့နှင့် ဆက်လက်မလုပ်နိုင်ဘဲရှိနေ၏။ တန်ဖိုးကြီး သင်တန်းများ မတက်နိုင်သဖြင့် ဤမျှနှင့် ပင်ရပ်နေရသည်။
CNC
cnc ကို Nibban တွင် အလုပ်လုပ်နေစဉ် သင်တန်းပေးသဖြင့် ကွန်ပျူတာကို ဒီလို အလုပ်ခိုင်းလို့ ရပါလားဆိုတာသိရသည်။ တို့ကျောင်းတွင် သင်ရသော ကိုဩဒီနိတ်ပြင်ညီ သည် ဒီလိုစက်ကို ခိုင်းစာလို့ရတဲ ဘာသာရပ် တစ်ခုပါလားဆိုတာသိလာသည်။
အသုံးချ Programming
သင်္ချာနှင့် ကွန်ပျူတာ လူသား ဆက်စပ်နေသည်ကို သိရှိပြီး လေ့လာလိုစိတ်များပြင်းပြလာရာမှ Python ကွန်ပျူတာ ပရိုဂရမ်းမင်းကို လေ့လာမိသည်။ ဘယ်လို အသုံးချနိုင်သလဲကို ကြည့်ရင် အသုံးချ Programming ကိုရေးစမ်းကြည့်မိပါသည်။

Python ကွန်ပျူတာ ပရိုဂရမ်းမင်း
Python ကွန်ပျူတာ ပရိုဂရမ်းမင်း ဘာသာစကားကို သည် ကျွန်တော် အကြိုက်သည့် ကွန်ပျူတာ ပရိုဂရမ်းမင်း ဘားသာ စကားတစ်ခုဖြစ်သည်။ အခမဲ့ ရနိုင်သည်။ ဆက်လက်တိုးပွားနေသည်။ တတ်သွားလျင် တကယ်လုပ်စားနိုင်သည် အဆင့် အထိရှိသည်။ သင်လိုလဲ လွယ်ကူသည်။ Google တွင် python ကိုသုံးထားသည်။ Dropbox သည်လည်း python ဖြင့်ပင်ရေးထားခြင်းဖြစ်သည်။ Python ဖြင့်ဖန်တီး ထားသော အောင်မြင်နေသည့် application များစွာရှိသည်။
ကျွန်တော်ကြိုက်ရသည်မှာ အလွန်ကူသော ကြောင့်ဖြစ်သည်။ လွယ်ကူသလောက် အလုပ်လည်းအတော်ဖြစ်ပါသည်။ Python ကိုလေ့ထားသည့် လက်စရှိသွားသော အခါ အခြား ပရိုဂရမ်းမင်း ဘာသာစကား များကို လေ့လာရာတွင်လည်း အလွန်အထောက် အကူပြုသည်။ Python ပရိုဂရမ်းမင်း ဘာသာစကား Object-Oriented programming လည်းဖြစ်သည်။

Subscribe to:
Posts (Atom)