Showing posts with label စိုက်ပျိုးရေး. Show all posts
Showing posts with label စိုက်ပျိုးရေး. Show all posts

Friday, August 29, 2014

တစ်တန်လျှင် ကန်ဒေါ်လာတစ်ထောင်ခန့် ဈေးရသော ဂျပန်စပါးမျိုးစမ်းသပ်စိုက်ပျိုး

မစ်ဝကျွန်းပေါ်ဒေသတွင်   စမ်းသပ်စိုက်ပျိုးသောရလဒ်များထက်  ပိုမိုကောင်းမွန်စေရန် ဂျပန်စပါးမျိုးလေးမျိုးကို  မှော်ဘီ၊
ပြည်၊  နေပြည်တော်နှင့် ဟဲဟိုးဒေသများတွင်  စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ယခုနှစ်မိုးရာသီတွင် ထပ်မံစမ်းသပ်
စိုက်ပျိုးထားကြောင်းမြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်း(မက်ပ်ကို)မှ အထွေထွေမန်နေဂျာ ဦးရဲမင်းစိုး
က မြန်မာတောင်သူကြီးများဂျာနယ်ကို ဇူလိုင်လ ၂၉ ရက်က ပြောသည်။
မျိုးရင်းဆန်များကိုသာ စားသုံးလေ့ ရှိသည့် ဂျပန်နိုင်ငံသို့ ပြန်လည်တင်သွင်း သွားနိုင်ရန်အတွက် မြန်မာပြည်တွင် စမ်းသပ်စိုက်ပျိုး
နေခြင်းဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုအပိုင်းကို မက်ပ်ကိုမှ တာဝန်ယူကာ ဂျပန်နိုင်ငံသို့ တင်သွင်းရောင်းချမည့်အပိုင်းကို မစ်ဆူအီမှ တာဝန်ယူလုပ်ကိုင်သွားမည် ဟု သိရသည်။
တစ်ဧကလျှင် တင်း ၉၀ ခန့်ထွက်ရှိနိုင်သော သက်တမ်းရက် ၉၀ မှ ၁၂၀ရက်အတွင်းသာရှိပြီး မြန်မာနိုင်ငံမှ အများဆုံး တင်ပို့ရောင်း
ချနေသည့် ဆန်ကြမ်းအုပ်စုများထက် ဈေးကွက်ပိုမိုခိုင်မာမှုရှိကာ တစ် တန်လျှင် ကန်ဒေါ်လာတစ်ထောင် ၀န်းကျင်ခန့် ဈေးရလေ့ရှိ
ကြောင်း သိရသည်။
ဂျပန်ဆန်များနှင့်ပတ်သက်၍ ဦးရဲမင်းစိုးက “နိုင်ငံခြား အဖွဲ့အစည်းတွေက ကမ်းလှမ်းထားတာရှိပါတယ်။ ပြည်တွင်းမှာ စမ်းသပ်နေ
ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်။ လုပ်လည်းလုပ်ချင်တယ်။ ကမ္ဘာမှာ Long -grain ကသာ ဈေးပြုတ်တာ။ ဒါပေမယ့်
ဂျက်ပိုနီကာ ဆန်ဈေးက ဘယ်တော့မှဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူး။
ပုံမှန် Demand ရှိနေတယ်။ အလားအလာကောင်းပါတယ်”ဟု ဇူလိုင်လ ၂၉ ရက်က ပြောသည်။ဂျပန်စပါးမျိုးများဖြစ်သည့် Sasnishi
ki, Hino Hikari, Hitome Bore, Manamu sumeျကာန တို့ကို ၂၀၁၃ နွေရာသီမှ စတင်ကာနေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနတွင်
စတင်စမ်းသပ်စိုက်ပျိုးခဲ့ပြီး  ကဉ္ဇနကျွန်းသာဆန်စပါးအထူးပြုကုမ္ပဏီမှ ဓနုဖြူမြို့နယ်တွင်လည်း ဆက်လက်စမ်းသပ်စိုက်ပျိုးခဲ့သည်။
၎င်းဂျပန်ဆန်စပါးမျိုးများကို နှစ်နိုင်ငံ အစိုးရအဆင့် မျိုးဖလှယ်သည့် အစီအစဉ်ဖြင့် စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ပြီး စီးပွားဖြစ်လုပ်ကိုင်
နိုင်သည့် အဆင့်အထိ စိုက်ပျိုးထုတ်လုပ်လာနိုင်ပါက ဖြစ်ထွန်းရာ ဒေသများရှိ တောင်သူများနှင့် ပူးပေါင်းကာကန်ထရိုက်လယ်ယာစနစ်
ဖြင့် စိုက်ပျိုးထုတ်လုပ်သွားမည်ဟု ယခင်နှစ်ဆောင်းရာသီတွင် မက်ပ်ကိုမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။
- ရူပအောင်ဝင်း
 မူရင်းသတင်း