ကွာလတီ
Quality
ကွာလတီ အရည်အသွေး ဆိုသည်မှာ ဝယ်သူတို့၏ မျှော်လင့်ချက်များကို ကျော်လွန်အောင် ဖြည့်စွမ်းပေးနိုင်သော ကုန်ပစ္စည်း ဝန်ဆောင်မှု ကိုဆိုလိုသည်။
Product and service that meet or exceed customer's expectation.
Kano
Tuesday, August 26, 2014
အောင်မြင်မှု အစစ်အမှန်
အောင်မြင်မှု အစစ်အမှန်ဟာ ကိုယ့်ရဲ့ ကိုယ်တွင်းကလာတာပါ။ ဒါ့ကြောင့် လူတိုင်း လူတိုင်း အောင်မြင်မှု ကို ရယူသိမ်းပိုက် နိုင်ပါသည်။
True Success comes from the inside, meaning that anyone can have it and anyone can keep it.
မာရီယာ ဘာတီရိုမို

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။ လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

Sunday, August 24, 2014
MRTV Set Top Box သုံးသိန်းကျော် အခမဲ့ ဖြန့်ဝေမည်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV သည် ၁၉၈ဝ ပြည့်နှစ်မှစ၍ Analouge
စနစ်ဖြင့် ထုတ်လွှင့်ခဲ့ရာ ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ စတင်ကာ
Digital စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်လျက်ရှိရာ Digital Set Top Box ပေါင်း
၃ဝ၄,၉၄၄ လုံးကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဟု မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။
Digital စနစ်သို့ ပြောင်းလဲ ထုတ်လွှင့်ရန် အောက်တိုဘာလ ၁၂၊ ၁၃၊ ၁၄ ရက်တို့တွင် နိုင်ငံပိုင်သတင်း စာများမှ ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြောင်းလဲထုတ်လွှင့်သည့်အခါ Digital Set Top Box မရှိ၍ မကြည့် နိုင်ဟု အခွင့်အရေး မဆုံးရှုံးအောင်ပံ့ပိုးသင့်သူကို ပံ့ပိုးနိုင်ရန်အတွက် MMRD ကုမ္ပဏီကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ဟင်္သာတတို့တွင် လူတွေ့စစ်တမ်း ကောက်ယူစေခဲ့သည်။ ထိုသို့ စစ်တမ်းကောက် ယူအပြီးတွင် တစ်လ တစ်သိန်းခွဲအောက် ဝင်ငွေရှိကာ TV ပိုင်၊သစ်သားအိမ်၊ သက်ကယ်၊ ဝါး၊ ဓနိမိုး နေသူများ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ Public Places၊ မိဘမဲ့ကျောင်း၊လူအိုရုံ၊ မသန်စွမ်းအသင်း၊ ပြည်သူ့စာကြည့်တိုက်၊ တက္ကသိုလ်၊ ကောလိပ်နှင့် သာရေးနာရေးအသင်းများသို့ Digital Set Top Box များကို အခမဲ့ ဖြန့်ဝေ ပံ့ပိုးပေးသွားမည်ဟုသိရသည်။
”ပထမအဆင့်နဲ့ ဒုတိယအဆင့်မှာ စက်ရုံ ၂၅ ရုံမှာ ၃ဝ၄,၉၄၄ လုံးကို အခမဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ပါ တယ်။ ပထမအဆင့်မှာ လူမှုအသိုက်အဝန်း ၉,၉၃၄ ၊ အိမ်ထောင်စု ၂၉,၈၂၆ နဲ့ ဒုတိယအဆင့်မှာ လူမှုအသိုက် အဝန်း ၈၁,၉၃ဝ၊ အိမ်ထောင်စု ၁၈၃,၂၅၄၊ စုစုပေါင်း လူမှုအသိုက်အဝန်း ၉၁,၈၆၄ နဲ့ အိမ်ထောင်စုပေါင်း ၂၁၃,ဝ၈ဝ အတွက် Digital Set Top Box ပေါင်း ၃ဝ၄,၉၄၄ လုံးကိုနိုင်ငံတော်က အခမဲ့ ပံ့ပိုးပေးတာဖြစ်ပါ တယ်။ ဒီအရေအတွက်ကိုကြည့်ရှုနိုင်မယ့် လူဦးရေဟာ ၃၉ ဒသမ ၈ သန်းခန့် ရှိနေပြီး ဒီအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိနေပါတယ်။ သူတို့တွေဟာ၂ဝ၁၄ အတွင်း Digital စနစ်ကိုကြည့်ရှုခံစား နိုင်မှာဖြစ်ပြီးတော့ ဒါဟာအလွန်ကောင်းတဲ့ အလားအလာဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ်ဦးတင့်ဆွေက ပြောသည်။
Digital Set Top Box များဝယ်ယူရန် ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် တင်ဒါခေါ်ယူခဲ့ရာ ပြည်တွင်းရှိ Kaung Thant Kyaw Co.,Ltd က Digital Set Top Box တစ်လုံး ၁၄ ဒသမ ၇ ဒေါ်လာဖြင့် ဈေးအနည်း ဆုံးသွင်းနိုင်သဖြင့် တင်ဒါအောင်မြင်ခဲ့သည်။
Digital Set Top Box အလုံးပေါင်း ၃၃၅,ဝဝဝ အတွက် အမေရိကန် ဒေါ်လာ ၄,၉၂၄,၅ဝဝ ပေး၍ ဝယ်ယူသွားမည်ဖြစ်ကာ ယင်းတို့အနက် ၃ဝ၄,၉၄၄ လုံးကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် Digital စနစ် ပြောင်းလဲခြင်းကို ၂ဝ၂ဝ ပြည့်နှစ် အပြီးဆောင် ရွက်ရာတွင် တစ်နိုင်ငံလုံး Digital စနစ်သို့ ချက်ချင်းပြောင်းလဲစေသည်မဟုတ်ဘဲ အဆင့်ငါးဆင့်ဖြင့် ပြောင်း လဲသုံးစွဲစေမည်ဖြစ်သည်။ အဆင့်တိုင်းတွင် Analouge+Digital (Simulcast)သုံးနှစ် လွှင့်ပေးထားမည်ဖြစ်ကာ သုံးနှစ်ပြည့်မှသာ Analouge Switch Off(ASO) ဖြစ်မည်ဖြစ်သည်။ Simulcast ကာလအတွင်း Digital Set Top Box တစ်လုံး ပိုင်ဆိုင်နိုင်ရန်ပြင်ဆင်ထားသင့်သည်ဟုလည်းဦးတင့်ဆွေက ပြောသည်။
”TV Digital Tuner ပါတဲ့ TV တွေဆိုရင်လည်း Digital Set Top Box မလိုဘဲနဲ့ ဖမ်းယူကြည့်ရှုနိုင်မှာ ပါ။ ဒါပေမယ့် ဒီလိုမျိုး TV တွေကမြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲမှာဝင်ရောက်မှုနည်းနေသေးပြီး ဈေးနှုန်းအား ဖြင့်လည်း မြင့်မားနေပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် Set Top Box များအခမဲ့ဖြန့်ဝေမည့် အစီအစဉ်ကိုသာအသိပေးထုတ်ပြန်ခဲ့ပြီး ဈေးကွက် အတွင်း ရောင်းချမည့် အစီအစဉ်အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။ ၂ဝ၁၄ ခုနှစ်တွင် ကုမ္ပဏီအသီး သီးမှ တံဆိပ်အမျိုးမျိုး၊ အရည်အသွေးအမျိုးမျိုး၊ဈေးနှုန်းအမျိုးမျိုးးဖြင့် တင်သွင်းရောင်းချကြမည်ဖြစ်ပြီး ဈေးနှုန်းသတ်မှတ်ချက်ကိုမူ အတိအကျမပြောနိုင်သေးကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောသည်။
စုမွန် (UFL)
မူရင်းသတင်း

ပြောင်းလဲ ကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့်စနစ်သစ် ကျူရှင်ဈေးကွက် ဖြစ်ပေါ်နိုင်
တက္ကသိုလ်ဝင်ခွင့်များကို လာမည့် ပညာသင်နှစ်တွင်
ပြောင်းလဲကျင့်သုံးသွားပါက ကျူရှင်ဈေးကွက် အသစ်တစ်ခု
ဖြစ်ပေါ်လာနိုင်ကြောင်း၊ တက္ကသိုလ်ဝင်စာမွေးပွဲ အောင်မြင်သူများအနေဖြင့်
အသက်မွေးဝမ်း ကျောင်း တက္ကသိုလ်များသို့ ဝင်ခွင့်စိစစ်ရွေးချယ်မှုဆိုင်ရာ
စာမေးပွဲကိုဖြေဆိုရမည်ဖြစ်ကြောင်း တက္ကသိုလ် ဆရာအချို့ထံမှ သိရသည်။
ဆေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင့်ဆွေလတ်က”ကျွန်တော်တို့ လာမယ့်နှစ်လောက် မှာတော့ ဝင်ခွင့်တွေကို ပြောင်းလဲကျင့်သုံးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနှစ်ကိုတော့ အရင်နှစ်တွေက အတိုင်းပဲ ဆက်လက်ကျင့်သုံးသွားမယ်လို့ စီစဉ်ထားပါတယ်”ဟုတက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ ဝင်ခွင့်စိစစ်ရွေးချယ်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် တင်ပြပြောဆိုခဲ့သည်။
လာမည့်နှစ်တွင် ဆေးနှင့်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာ တက္ကသိုလ် စသည့်အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများကို လူတွေ့စစ်ဆေးမှု၊ စာလိုက်နိုင်စွမ်းစစ်ဆေးမှုများကိုပါ ထည့်သွင်းစစ်ဆေးသွားရန်ရှိကြောင်း သိရသည်။
ဦးညီလှငယ်က ”စိတ်ပညာစစ်ဆေးမှုတွေ၊ စာလိုက်နိုင်စွမ်းစစ်ဆေးမှုတွေလုပ်ဖို့ လွယ်မလား၊ ကျောင်းတိုင်းလုပ်နိုင်ပါ့မလား ဆိုတာကို ထည့်သွင်းစဉ်းစားထားဖို့တော့လိုပါတယ်။ အဓိက စစ်ဆေးရမှာက အင်ဂျင်နီယာတက္ကသိုလ် တက်မယ့်သူတွေအတွက်ဆိုရင် သင်္ချာ၊ ရူပဗေဒ၊ အင်္ဂလိပ်စာတွေက နည်းပညာ တက္ကသိုလ်တွေအတွက် အရေးကြီးပါတယ်”ဟု ပြောကြားဆွေးနွေးခဲ့သည်။
ဆရာများသမဂ္ဂမှ ဒေါက်တာအာကာမိုးသူကလည်း ”ဘာသာရပ်ဆိုင်ရာဝင်ခွင့် ကန့်သတ်မယ်၊ စိတ် ပညာစစ်ဆေးမှုတွေရော လုပ်မယ်ဆိုရင် သူတို့ပြောတဲ့ လူတိုင်း အကျုံးဝင်ပညာရေးစနစ်တစ်ခုကို တစ်နည်း နည်းနဲ့ ကန့်သတ်လိုက်သလို ဖြစ်သွားမယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီးတော့ IELTS တို့၊ TOEFL တို့က ပညာရေးမှာ စနစ်တကျ အသုံးပြုခဲ့တာမရှိဘူး။ ပညာရေးမှာ စာမေးပွဲစနစ်ကို ပုံသေသတ်မှတ်တဲ့အခါမှာ အလွတ်ကျက်မှတ်တာကို ပြန်ပြီးအသုံးပြုတာဖြစ်တယ်။ အခြေခံစနစ်မှာ စနစ်တကျ ကျင့်သုံးပြီးသား ကို တက္ကသိုလ်ဝင်ခွင့်အနေနဲ့ ကျင့်သုံးရင် သင့်တော်တယ်။
”အဲဒါမဟုတ်ရင်တော့ ဒီဘက်က အခြေခံပညာရေးမှာပါ မြှင့်တင်ထားဖို့လိုတယ်။ အင်္ဂလိပ်စာ စစ်ဆေး မှုကို IELTS ပုံစံမျိုးသွားလုပ်ရင်ဘာသာစကားသင်တဲ့ ကျူရှင်တွေကို တွန်းအားပေးရာ ရောက်တယ်။ ကျူရှင် စနစ်ကို ပိုပြီး ထွန်းကားလာနိုင်တယ်။ အဲဒါမှ မဟုတ်ရင် English major နဲ့ သင်ကြားနေတဲ့ ဆရာ၊ ဆရာမ တွေအတွက် မှောင်ခိုဈေးကွက်ဖြစ်လာမယ်။ တခြားဟာတွေလည်းဖြစ်လာနိုင်တယ်”ဟု ပြောသည်။
ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းအဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်ကလည်း National Examination က စပြီး ထည့်သွင်းစဉ်းစားထားရန် လိုအပ်ကြောင်း၊ ဘာသာရပ်တိုင်းသည် တန်ဖိုးရှိသည့် ဘာသာရပ်များဖြစ်သည့်အတွက် မူဝါဒများကိုအသေးစိတ်ချမှတ်ပြီး ဝင်ခွင့်စာမေးပွဲများကို မည်သို့ပြုလုပ်သွား မည်ကိုထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။
အဆင့်မြင့်ပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက”လက်ရှိ မြန်မာနိုင်ငံမှာ တက္ကသိုလ် ပေါင်း ၁၆၉ ကျောင်း ရှိပါတယ်။ အဲဒီထဲမှာ သာသနာရေးဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနက ကျောင်းတွေကို ထည့်သွင်းမထားပါဘူး”ဟုပြောကြားခဲ့သည်။
ရဲလင်းထွဋ်

Saturday, December 28, 2013
ကျွန်တော်ပြောချင်သော ကျွန်တော့် အကြောင်း
ဆိုကရေးတီး သောက်ခဲ့သော အဆိပ်ခွက်အမည်မှာ အမှန်တရားဖြစ်သည်။ ဘီးတတ်ကုလားထိုင်ပေါ်ထိုင်၍ စကြာဝဠာကို အမဲလိုက်ခဲ့သူ၏ အမည်မှာ စတီပင်ဟော့ကင်း ဖြစ်ပါသည်။ မြေချစ်သူ၏ လျှာပေါ်တွင် တည်ဆောက်ခဲ့သော စက်ရုံ၏အမည်မှာ ဝိုင်ဖြစ်သည်။ ကျေးပိုင်ကျွန်ပိုင်ခေတ်က ကျောက်ဖြစ်သွားသော ချွေးစက်များ၏ အမည်မှာ ပိရမစ်ဖြစ်ပါသည်။ ကမ္ဘာကြီးက လက်ခံထားသော ပရောမီးသီးယပ်စ်၏ ခိုးရာပါပစ္စည်းအမည်မှာ မီးဖြစ်သည်။ ၁၉၈၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လူပြည်သို့ ရောက်လာသူမှာ မောင်ဝင်းသူဖြစ်သည်။
နောက်ဆုံးစာကြောင်းမှလွဲ၍ ကျန်စာကြောင်းများသည် ဆရာသစ္စာနီ ၏ ဝတ္တု တစ်ပုဒ်မှ စာသားများဖြစ်သည်။
ဒေါက်တာသန်းထွန်းပြောတဲ့ ကိန္နရာ ရင်အုံသားနဲ့ ဇမ္ဗုသပြေသီး ဟင်ချိုကို သောက်ကြည့်ချင်သည်။ ဆရာဦးအောင်သင်း ပြောသလို ဦးဏှောက် ကတောင်းကြိုက်ချင်သည်။ သို့သော်မီးပြတ်သွားတိုင်း ပုဆိုးကတောင်းကြိုက်နေရသည်။ ဘုရင်နောက် ဖောင်ဖျက်တာကို သဘောကျသည်။ မူဆိုလီနီ၏ ငါရှေ့ကတက်ရင် ငါ့နောက်ကလိုက်ကြ။ ငါနောက်ပြန်ဆုတ်ရင် ငါ့ကိုသတ်ကြ။ ငါသေရင် ငါ့အတွက် လက်စားချေကြ။ ဆိုတဲ့ အမိန့်ကို သဘောကြသည်။

Friday, December 27, 2013
ဆောင်းနှင့်အတူ အေးနေတဲ့ ဆန်ဈေးကွက်
မြန်မာနိုင်ငံဆန်စပါးကုန်သည် များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်(၀ါး တန်း)
ရဲ့ လက်ကားဆန်ဈေးမှာ ပေါ် ဆန်းအသစ်(ဖျာပုံ)(လတ်စ) တစ်အိတ် လျှင်
၂၁၅၀၀ိ/-ဖြစ်ခဲ့သဖြင့် ယခင်အ ပတ်ထက် ၅၀၀ိ/-၊ ပေါ်ဆန်းအသစ်
(ဖျာပုံ)(ထိပ်စ)တစ်အိတ်လျှင် ၂၂၅၀၀ိ/- ဖြစ်ခဲ့သဖြင့် ယခင်အပတ်ထက် ၅၀၀ိ/-၊
ပေါ်ဆန်းအသစ်(နယ်စုံ) (လတ်စ) တစ်အိတ်လျှင် ၂၁၀၀၀ိ/- ဖြစ်ခဲ့သဖြင့်
ယခင်အပတ်ထက် ၁၀၀၀ိ/-၊ ပေါ်ဆန်းအသစ်(နယ်စုံ) (ထိပ်စ)တစ်အိတ်လျှင်
၂၂၅၀၀ိ/-ဖြစ်ခဲ့ သဖြင့် ယခင်အပတ်ထက် ၁၀၀၀ိ/- အသီးသီးဈေးသိသာစွာ ကျခဲ့ပြီး
ဧည့် မထ(အောက်စ) တစ်အိတ်လျှင် ၁၃၅၀၀ိ/-ဖြစ်ခဲ့သဖြင့် ယခင်အပတ် ထက် ၂၀၀ိ/-၊
ငစိန်(လတ်စ) တစ်အိတ် လျှင် ၁၃၈၀၀ိ/- ဖြစ်ခဲ့သဖြင့် ယခင်အ ပတ်ထက် ၂၀၀ိ/-၊
ငစိန်(ထိပ်စ)တစ် အိတ်လျှင် ၁၄၂၀၀ိ/-ဖြစ်ခဲ့သဖြင့် ယခင်အပတ်ထက် ၃၀၀ိ/-
အသီးသီး ဈေးအနည်းငယ်ကျခဲ့တာကို တွေ့ရှိရပါ တယ်။
ဝါးတန်းဒိုင်သို့ ဆန်အ၀င်လှိုင် နေပေမယ့် အရောင်းအ၀ယ်အေးနေ တယ်။ အထူးသဖြင့် ပေါ်ဆန်းစပါးများ ခြောက်လာပြီဖြစ်လို့ နယ်စက်များမှ ကြိတ်ခွဲပြီး ရန်ကုန်သို့ တင်ပို့မှုများနေ ပေမယ့် လလယ်ရောက်နေလို့ မြို့တွင်း လက်လီဆိုင်သမားများမှ အ၀ယ်အေး နေခြင်းနှင့် မြိတ်လိုင်းမှအဆွဲလျော့နေ ခြင်းများကြောင့် ဈေးနှုန်းသိသာစွာပြန် ကျရတာဖြစ်တယ်လို့ ကြားသိရပြီး ဆန် ကြမ်းတွေလည်း အ၀ယ်လေးကာ ဈေး အေးနေကြောင်း ကြားသိခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ် ဆန်သစ်တစ်အိတ် (၁၁၀ ဒသမ ၂၅ ပေါင်)လျှင် ၁၃၈၀၀ိ/- ခန့် ဈေးနှုန်းရှိနေပြီး ဈေးဆက်လက်ငြိမ်နေ တာတွေ့ရပါတယ်။ ငစိန် ၂၅ မှတ် ဆန်သစ်တစ်အိတ် (၁၁၀ ဒသမ ၂၅ ပေါင်)လျှင် ၁၃၈၀၀ိ/-ခန့်ဈေးနှုန်းဖြစ် နေပြီး ယခင်အပတ်ထက် ၂၀၀ိ/-ခန့် ဈေးပြန်ကျခဲ့တာတွေ့ရပါတယ်။ EMATA ၂၅ မှတ် FOB (Yangon) ဈေး ၃၁၀/၃၂၀ USD/MT ခန့်သာဈေးနှုန်းရှိနေပြီး ရန်ကုန် FOB အရောင်းအ၀ယ်ငြိမ်နေကြောင်း၊ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ် (၅၀ ကီလို)လျှင် ၁၃၆၀၀ိ/- ဖြင့် MAPCO မှ ဈေးဖွင့်ဝယ်နေသော် လည်း ရောင်းမည့်သူက ဈေးမလိုက်၍ ရောင်းချသူနည်းပါးကြောင်း သိရပါ တယ်။ အခုနောက်ပိုင်း မြန်မာပြည်၏ အဓိက ဆန်တင်ပို့ရာထွက်ပေါက်ကြီး တစ်ခုဖြစ်တဲ့ မူဆယ်မှာတော့ ၁၃-၁၂-၂၀၁၃ နေ့ဈေးနှုန်းအရ ဧည့်မထ ၂၅ မှတ်၊ ဆန်သစ်တစ်အိတ် (၅၀ ကီလို) လျှင် ၁၁၄-၁၁၆ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် (၅၀ ကီလို)လျှင် ၁၁၇-၁၁၈ ယွမ်ဈေးနှုန်းဖြစ်ပေါ်နေကာ ယနေ့ ငွေလဲနှုန်းမူဆယ်မှာ တစ်ယွမ်လျှင် ၁၆၁ ဖြင့် ဆန်ဈေးရော ငွေဈေးပါငြိမ် နေကြောင်း သိရပါတယ်။ ပြည်တွင်း ဆန်ထွက်ရာတိုင်းဒေသကြီးများမှ မူဆယ်သို့ ယခုအပတ်အတွင်းဆန်တန် ချိန် ၁၆၀၀၀ ကျော်သာတင်ပို့ခဲ့လို့ ယခင်အပတ်ထက် တန်ချိန် ၃၀၀၀ ကျော်လျော့သွားတာတွေ့ရပြီး ဒီလို လျော့ရတာ မူဆယ်မှာ အရောင်းအ ၀ယ်ပြန်ငြိမ်လို့လျော့သွားရတာဖြစ် ကြောင်း၊ ရန်ကုန်မှ မူဆယ်သို့ ဆန်/ ဆန်ကွဲတင်ဆောင်ခမှာ တစ်တန်လျှင် ၈၅၀၀၀ိ/-ခန့်ဈေးရှိကာ တစ်အိတ် သယ်ခ ၄၂၅၀ိ/- ခန့်ရှိနေကြောင်း၊ ယခုရက်အတွင်း မူဆယ်သို့ ဆန်တင်ပို့ မှုနည်းသွားသော်လည်း ကားခမှာ ယခင်အပတ်ထက် တစ်တန်လျှင် ၂၀၀၀ိ/- မှ ၃၀၀၀ိ/- အတွင်းဈေး တက်ခဲ့တာတွေ့ရပါတယ်။ ယခုကာလ မှာ မူဆယ်သို့ ဖရဲသီးများသွားနေကြ ပြီး ဖရဲတစ်တန်ကားခ ၉၅၀၀၀ိ/- မှ ၁၀၃၀၀၀ိ/- ထိရှိကြောင်းလည်း သိရ ပါတယ်။ ရှေ့အလားအလာအနေဖြင့် (ပြည်တွင်းရော ပြည်ပအရောင်းပါ ခပ် အေးအေးဖြင့် ဆက်သွားနိုင်ပါကြောင်း ယခင်နှစ်ဆန်တန်ချိန် များများတင်ပို့ခဲ့ စဉ်က ဧည့်မထ ၂၅မှတ်အရည်အသွေး နိမ့်ဆန်များလည်း ရောနှောပါ ၀င်တင် ပို့ခဲ့ကြသဖြင့် ယခုနှစ်မြန်မာ့ဆန်ဈေး နှုန်းနိုင်ငံတကာ ပေါက်ဈေးထက် သက်သာသင့်တင့်သော်လည်း တန်ချိန် များပါက အရည်အသွေးအတွက် ၀ယ် သူဘက်က ယုံကြည်မှုလျော့ပါးလာမှု အချို့ရှိနေပါတယ်။ အခုနောက်ပိုင်းအ ရည်အသွေးလည်းမှန်၊ ဈေးလည်းမှန် သည့် မြန်မာ့တန်းမြင့်ဆန်ကို တန်ချိန် နည်းနည်းဖြင့်သာ ၀ယ်ယူမှုရှိနေပါ ကြောင်း၊ ပြည်တွင်းရှိ ဆန်စက်အများစု တွင် Colour Sorter ကဲ့သို့သော ခေတ်မီဆန်စက်ယူနစ်များ အပြိုင်တပ် ဆင်လာကြပြီး ယခင် ၂၅ မှတ် ဆန် လောက်သာ ကြိတ်ခွဲနိုင်သော အဆင့် မှ တန်းမြင့်ဆန်များလည်း ကြိတ်ခွဲ လာနိုင်ပြီဖြစ်ရာ ပြည်တွင်းပြည်ပဈေး ကွက်တွင်လည်း တန်းမြင့်ဆန်ဈေးကွက် တဖြည်းဖြည်းတိုးတက်ရရှိလာနေကြောင်း ကုန်စည်ဒိုင်နှင့် ဆန်ဈေးကွက်မှ သိရှိ တင်ပြလိုက်ရပါတယ်။
သန်းအေး
http://www.commercejournal.com.mm/index.php?option=com_content&view=article&id=15388:2013-12-18-07-03-16&catid=16:2009-06-26-20-58-11&Itemid=10

Subscribe to:
Posts (Atom)